Mindspire Coaching
လာရောက်ဆွေးနွေးသူတိုင်း၊ သင်တန်းတက်ရောက်သူတိုင်းကို Heart ထိစေတဲ့ ဝန်ဆောင်မှုပေးရန်
-
RELATIONSHIP COACH
AUNG HTET KHANT
မင်္ဂလာပါ Coach Aung Htet Khant ပါ၊ Mindspire Coaching Community ရဲ့ Founder တစ်ဦးဖြစ်ပါတယ်။ Relationship and Life အတွက် Coaching Sessions တွေ တစိုက်မတ်မတ် လုပ်လာတာ ၆ နှစ်ကျော်ရှိပြီး လူပေါင်း ၁၆၀၀ ကျော်ကို အောင်မြင်စွာ Coaching တွေလုပ်ပြီးပါပြီ။ ဒီအတွေ့အကြုံတွေကိုအခြေခံကာ “Right Person, Right Love” ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့ဖူးပြီး အရောင်းရဆုံးစာရင်ထဲမှာလည်းပါဝင်လာခဲ့ပါတယ်။ ယခုအခါမှာတော့ အပတ်စဥ် Healthy Relationshipဖြစ်ဖို့နဲ့ ဘဝတိုးတက်ရေးအကြောင်းများကို ပုံမှန် Live Session များနဲ့ ပတ္တမြားFM Radio မှတစ်ဆင့်မျှဝေပေးလျှက်ရှိပါတယ်။
-
RELATIONSHIP & LIFE COACH
Thi Saw
ဘာလို့ Coaching ယူဖို့လိုလဲ အတွေးထဲမှာပဲ ထပ်ခါထပ်ခါ မပိတ်မိစေဖို့ ၊ပြဿနာရဲ့အကျိုးတရားကို အကြောင်းတရားအဖြစ်ပြောင်းလဲမြင်နိုင်ဖို့ ၊ကိုယ်ချထားတဲ့ပန်းတိုင်ကို မြန်မြန်ပိုင်ဆိုင်နိုင်ဖို့၊ကိုယ့်ကိုကိုယ် ပိုပြီးအာရုံစိုက်နိုင်ဖို့ Coaching ရဲ့အားသာချက်တော့ ကိုယ်ကိုယ်တိုင်ကလည်း အတွေးအခေါ်ပိုင်းမှာ ပိုပြီးတွေးတတ်လာမယ်၊တခြားသူရဲ့ခံစားချက်ကိုလည်း ပိုပြီးနားလည်မှုပေးလာနိုင်မယ်
-
LIFE COACH
EINDRAY SUPAN
Life Coach ကို ဘာကြောင့် second career အဖြစ် ရွေးချယ်စေခဲ့သလဲ ဆိုရင်တော့ လူတိုင်းကို work - life balance ဖြစ်စေချင်ပါတယ်။ အချစ်ကြောင့် လမ်းပျောက်နေတဲ့သူတွေလည်းကင်းဝေးစေချင်ပါတယ်။ ဘဝမှာ pain ကနေ gain အဖြစ်သို့ ပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်တွေ နဲ့ ရွေးချယ်ခဲ့တာပါ။ ကျွန်မရဲ့ coaching အားသာ ချက်က တော့ မျှဝေခံစားပေးတတ်တာ ၊ နှလုံးသားနဲ့ နားထောင်ပေးတတ်တာပါပဲ ဖြစ်ပါတယ်။
-
LIFE COACH
NAY MYO HTET
ဘဝမှာ လမ်းပျောက်နေတဲ့သူ ၊ အခက်အခဲတွေ ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ဖို့ လိုအပ်နေတဲ့သူတွေ ၊ လက်ရှိအခြေအနေထက်ပိုပြီးတိုးတက်ချင်သူတွေကို ကူညီဖြေရှင်းပေးလိုတဲ့ စိတ်ဆန္ဒ၊ ဝါသနာ နဲ့ တတ်မြောက်ထားတဲ့ ပညာရပ်တွေကို ပေါင်းစပ်ပြီး Professional life coach တစ်ယောက်အနေနဲ့ Coaching session တွေကို ပေးနေပါတယ်။
-
LIFE COACH
Su Wai Htun
MPLC ရဲ့ Life Coach တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်ဖွယ် မိသားစု ကို ဒုတိယအကြိမ်မြောက်ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်မတစ်ယောက်လည်းဖြစ်ပါတယ်။
လောကမှာ မသိခြင်းက ဈေးကြီးပါတယ် ဒါ့ပေမယ့် မိမိကိုယ်မိမိမသိခြင်းကတော့ ပိုလို့ဈေးကြီးစေပါတယ်။ဒါ့ကြောင့် Coaching ဆိုတဲ့ပညာရပ်တစ်ခု ပေါ်လာခဲ့ပါတယ်။Relationship ရဲ့key point questions တွေကို ပိုင်ဆိုင်ထားပါတယ်
-
LIFE COACH
Shwe Zin Myat
ကျွန်မတို့တွေက ကိုယ်ရွေးချယ်ထားတဲ့ Life တစ်ခုကို လျှောက်ကြရတဲ့အခါ အတက်အကျ၊ အနှိမ့်အမြင့်၊ အချိုးအကွေ့တွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီလို ရင်ဆိုင်ရပြီးဆိုရင် အများစုက တုန်လှုပ်သွားတတ်ကြပါတယ်။ ဒီလိုကြုံတွေ့လာရတဲ့အခါ ကိုယ့်အနေနဲ့ ရင်ဆိုင်ဖြေရှင်းပြီး အဖြေတွေ့ရှိနိုင်ဖို့နဲ့ ရလဒ်ကောင်းတွေရရှိဖို့ Thinking Partner တစ်ယောက်ဖြစ်တဲ့ Life Coach တစ်ယောက်နဲ့ ရင်ဖွင့်တိုင်ပင်ဆွေးနွေးမယ်ဆိုရင် ကိုယ်က တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုကို ရယူလိုက်ရခြင်းဖြစ်ပါတယ်။
-
LIFE COACH
Shin Thant Nay Chi
ကိုယ့်ဘဝရဲ့ရှုပ်ထွေးမှုတွေ ရှင်းလင်းရန်၊ကိုယ့်ဘဝရဲ့ပြဿနာတွေကို အတိအကျ အဖြေရှာရန်၊ကိုယ့်ဘဝရဲ့အားသာချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ပြီး ရည်မှန်းချက်တွေ တိုးတက်အောင်မြင်ရန်၊နေ့စဉ်နဲ့အမျှ ချစ်ခြင်းမေတ္တာတွေနဲ့ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် coaching ယူဖို့ လိုအပ်ပါတယ်ရှင့်။
-
LIFE COACH
YEE YEE TUN
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသလို အိမ်ရှင်မတစ်ယောက်လည်း ဖြစ်ပါတယ်။ဘာကြောင့် Coach လမ်းကြောင်းပေါ် ရောက်လာသလဲဆိုရင်... ကျွန်မကိုယ်တိုင် အရင်တုန်းက လမ်းပျောက်ခဲ့ဖူးပါတယ်။ စိတ်ဓာတ်တွေ ကျဆင်းပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိ စဉ်းစားခဲ့ဖူးပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေ၊ အထူးသဖြင့် အိမ်ရှင်မတွေဟာ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးဆိုတဲ့ အဓိက ဒေါက်တိုင် ၄ ခု မှာအိမ်ထောင်ရေး အဆင်မပြေရင် ကျန်တဲ့အရာတွေကိုပါ ထိခိုက်စေပြီး၊ သားသမီးရှိရင် မိဘအုပ်ထိန်းမှုပိုင်းမှာပါ သက်ရောက်မှုရှိစေပါတယ်။
-
LIFE & RELATIONSHIP COACH
EI ZAR KHAING
မိကိုယ်တိုင်အလုပ်နဲ့ဘဝဟန်ချက်ညီအောင်ကြိုးစားနေသလို အခက်အခဲတွေနဲ့ရင်ဆိုင်နေရသူတွေကိုလည်း အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေ ရရှိပိုင်ဆိုင်အောင် ကူညီပေးသွားမှာပါ။လူတွေဘာကြောင့် Coach လိုသလဲဆိုရင် မိမိကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးနေတာဖြစ်စေ၊ အလုပ်အကိုင်၊ငွေရေးကြေးရေး၊ အချစ်ရေး၊ မိသားစုရေးအဆင်မပြေတာဖြစ်စေ၊ ပန်းတိုင်ပျောက်ဆုံးပြီး အောင်မြင်မှုနဲ့လွဲချော်နေရင်ဖြစ်စေ၊ ဘဝမှာကိုယ်လိုချင်တာကိုရအောင်ယူဖို့ အခက်အခဲတွေရှိနေရင်ဖြစ်စေ Coaching ယူဖို့လိုအပ်ပါတယ်။
-
RELATIONSHIP COACH
Dr. SWE ZIN
ကျမကိုယ်တိုင် ကျန်းမာ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေသလို အခက်အခဲရှိနေသူများကိုလည်း အောင်မြင် ပျော်ရွှင်အောင် ကူညီချင်တဲ့အတွက် Second Career အနေနဲ့ Professional Life Coach အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။လူသားတွေ အနေနဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကြုံတွေ့နေရချိန်မှာ ပြဿနာတွေကို ရင်ဖွင့်တိုင်ပင်ဖို့ Coach (ရင်ဖွင့်ဖော်ကောင်း) တစ်ယောက်ရှိဖို့ လိုအပ်ပါတယ်။
-
LIFE COACH
HNIN LAE
ကျွန်မတို့အားလုံးသိကြတဲ့အတိုင်းပါပဲ ဘဝမှာအောင်မြင်ပျော်ရွှင်မှုရဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။သို့သော် ကျွန်မတို့မှာ အမျိုးမျိုးကြောင့်သောအခြေအနေတွေမှာ ဘဝပြသနာတွေ၊စိတ်ဖိစီးမှုတွေ၊ဘာလုပ်ရမှန်းမသိပဲ လမ်းပျောက်ပြီးပိတ်မိနေတာတွေနဲ့ ရင်ဆိုင်နေရတဲ့ အခိုက်အတန့်တွေအများကြီးရှိပါတယ်။ကျွန်မတို့ရဲ့ ပိတ်မိနေတဲ့အတွေးတွေကို ညဏ်အလင်းပွင့်ဖို့၊စိတ်ဖီးစီးမှုတွေကိုဖြေလျော့နိုင်ဖို့၊ ကိုယ်လိုချင်တဲ့ပန်းတိုင်တွေကိုချမှတ်ပြီး ရောက်ရှိနိုင်ဖို့၊နေ့စဥ်ဘဝမှာ ပျော်ရွှင်မှုတွေကိုလွတ်လပ်စွာခံစားနိုင်ဖို့နဲ့ ဘဝပြသနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် စိတ်ချယုံကြည်ရတဲ့ ရင်ဖွင့်ဖော်ကောင်းတစ်ယောက်ရှိဖို့လိုအပ်ပါတယ်။
-
Relationship Parenting & Life Coach
Phyu Hnin Wai
ကျမကတော့ Mindspire Comminunity ရဲ့ Coach တယောက်ဖြစ်တဲ့ Phyu hninn@ anni လို့ ခေါ်ပါတယ် ကိုယ်ဘဝရဲ့ အောင်မြင်တိုးတက်ဖို့ ဘယ်အပိုင်းမှာမဆို အကူအညီရဖို့ Coach တယောက်လို အပ်ပါတယ်Life , Relationship, Partenting Coach တယောက်အနေနဲ့ ဖြူနှင်းနဲ့ ရင်ဖွင်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်
-
Life Coach
Ko Than Naing
Life Coach တစ်ယောက်ဖြစ်ပါတယ်။ထိုင်းနိုင်ငံ ဘန်ကောက်မှာ နေထိုင်ပါတယ်။ထိုင်းရောက်မြန်မာများအတွက်အသက်မွေးပညာသင်တန်းကျောင်း ဖွင့်ထားပါတယ်။လူတိုင်းမှာကိုယ်တိုင်အခက်ခဲကြုံလာချိန်ဘယ်အရာကိုရွေးချယ်ရမယ်ဆိုတာမသိချိန်မှာကိုယ့်ဘဝရဲရင်ဖွင့်တိုင်ပင်ရာ Coach ဆိုတာမရှိမဖြစ်လိုအပ်ပါတယ်။လူကြီးမင်းတို့ရဲ့ရင်ဖွင့်တိုင်ပင်ဆွေးနွေးမှုတွေကိုနားထောင်ပေးခြင်း မေးခွန်းကောင်းတွေမေးပြီး အဖြေရှာပေးနိုင်ပါတယ်။
-
Relationship,Parenting & Life Coach
Shwe Yamin Oo
ကျွန်မတိုအမျိုးသမီးတွေဟာ မိခင်ဘဝကို ကူးပြောင်းသွားတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေအများကြီးကိုရင်ဆိုင်ကြရပါတယ်။ကလေးငယ်လေးနဲ့ အသားကျအောင်နေထိုင်ရသလို တဖက်မှာလည်း ကလေးပြုစုစောင့်ရှောက်ရေးတွေကိုလေ့လာကြရတယ်။လုပ်ငန်းခွင်ဝင်နေတဲ့မေမေတွေဆိုရင် ကလေးနား အချိန်ပြည့်မနေနိုင်တဲ့အခါ အပြစ်ရှိတဲ့ စိတ်ကိုခံစားကြရတယ်၊အလုပ်နဲ့ ကလေးကြား စိတ်ပင်ပန်း၊လူပင်ပန်းကြရပါတယ်။အလုပ်ကအနားယူထားတဲ့ မေမေတွေကလည်း မိသားစုနဲ့ကလေး အရေးကိစ္စတွေကို ဦးစားပေးရင်း တစ်ခါတစ်လေ မိခင်ဘဝထဲမှာ “ကိုယ်”ဆိုတာကိုပျောက်ဆုံးသွားတတ်ကြပါတယ်။
-
Life Coach
Chit Su Htwe
မိမိအနေဖြင့် လက်ရှိနဲ့ အနာဂတ်ကို ပိုကောင်းချင်ရင် တစ်ယောက်တည်းဖြေရှင်းနေခြင်းထက် စိတ်ချယုံကြည်ရတဲ့ coach နဲ့ ဆွေးနွေးအဖြေရှာခြင်းက ပိုမိုကောင်းမွန်တဲ့ ရလာဒ်တွေ ဖြစ်ပေါ်စေတယ်။ ပန်းတိုင်တစ်ခုကို သွားတဲ့အခါ coaching skills တွေက အထောက်အပံ့ ပေးနိုင်ပါတယ်။ ဝေးဝေးပြေးချင်တယ်ဆိုရင်တော့ thinking partner အဖြစ် ကူညီပေးနိုင်တဲ့ coach တွေနဲ့ အတူပြေးကြည့်ပါ။ချစ်စုအနေနဲ့ coaching session မှာ ပြုလုပ်ပေးနိုင်တာတွေက စိတ်ဓာတ်ခွန်အားတွေရပြီး ပြဿနာရဲ့ အရင်းအမြစ်ကို ရှင်းလင်းတိကျစွာ ရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်။Client အနေနဲ့ မှန်ကန်တဲ့ တာဝန်ယူမှုနဲ့အတူ လက်ရှိကို သိရှိနားလည်ပြီး အနာဂတ်ကို အကောင်းဆုံးတည်ဆောက်နိုင်မယ် လို့ ယုံကြည်ပါတယ်။
-
Life Coach
Chit Hnin Wai Wai
ကျွန်တော်နှင့်အတူ ဆွေးနွေးမယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ လုံခြုံစိတ်ချ နွေးထွေးမှုရှိစွာ ရင်ဖွင့်နိုင်ပြီး နည်းလမ်းကောင်းများ၊ စိတ်ကျေနပ်မှုများ၊ စိတ်ခွန်အားများ စသည့်ကောင်းကျိုးများစွာကို ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် မိတ်ဆွေတို့က ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်နိုင်ငံမှာပဲရှိနေပါစေ အဆင်ပြေစေမယ့် အချိန်၊ နေ့ရက်တို့ကို ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်လို့ ရင်ဖွင့်ဆွေးနွေးခြင်းဝန်ဆောင်မှုကို အမြန်ဆုံးရရှိနိုင်မှာကလည်း အားသာချက်တစ်ခု အပါအဝင်ပဲဖြစ်ပါတယ်။ဒါကြောင့် မိတ်ဆွေတို့ရဲ့ "စိတ်နှလုံးသားကို လင်းဝင်းစေပြီး၊ ဘဝကို တောက်ပစေလိုတယ်" ဆိုရင် ကျွန်တော့်ကို သတိရလိုက်ပါ။ မိတ်ဆွေတို့နှင့်အတူ ရှိနေပါတယ်
-
Life & Business Coach
Saw Cho Cho Mon
နိုင်ငံတကာအသိအမှတ်ပြု IAC (International Association of Coaching) ကို Trust School of inner Design နှင့် Mindspire School တို့တွင် CPC Level 1,2 တို့ကို တက်ရောက်ခဲ့ပြီးနောက် MEI (Myanmar Excellence Institute) တွင် NLP (Practitioner, Master, Trainer), Business Mastery, Business Coaching Mastery, Master Hypnosis , Masterclass Trainer သင်တန်းတို့ကို တက်ရောက်လေ့လာခဲ့ပြီးနောက် လက်ရှိတွင် လူတွေရဲ့ ဘဝအခက်အခဲများ၊ ပြဿနာများ၊ စီးပွါးရေးအခက်အခဲ၊ပြဿနာများကို Life&Business Coach တယောက်အနေနဲ့ ကူညီပေးလျက်ရှိပါတယ်။
-
Life Coach
ZIn Shane
ကျွန်တော်ကိုယ်တိုင်လဲ ဘဝမှာ အဖြေရှာမရခဲ့တဲ့ အချိန်တွေမှာ Coaching Section တွေ ယူပီး ကိုယ့်ကိုကိုယ် ရှာတွေ့ခဲ့လို့ Coach တစ်ယောက်ဖြစ်ချင်ခဲ့ပြီး နောက်ဆုံးမှာ MPLC ရဲ့ Certified Coach တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဘဝမှာ လမ်းပျောက်နေသူတွေ၊ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာ မသိဘဲ ကိုယ့်ကိုကိုယ် ရှာဖွေချင်တဲ့သူတွေ အနေနဲ့ Coaching ယူသင့်ပါတယ်။ ဖြစ်ချင်စိတ်(will)နဲ့ ကျွမ်းကျင်မှု (skill) ရှိတဲ့သူတွေ အနေနဲ့ Coaching Section ယူမယ်ဆိုရင် အထွတ်အထိပ်ကို ရောက်သွားနိုင်ပါတယ်။လက်ရှိတွင်လဲ Coaching Sections များစွာကို လုပ်ပေးနေပါတယ်။ ကျွန်တော်နဲ့ Coaching Section ယူမယ် ဆိုရင်တော့ ကျွန်တော့် personality အရကို စိတ်ရှည်ပြီး နားထောင်ကောင်းတဲ့ အတွက် Section အတွင်းမှာ ကိုယ်လိုချင်တဲ့ Goal ကို ရှာဖွေနိုင်ပါလိမ့်မယ်။
-
Life Coach
Mi Koon Htaw Chan
ဘဝ မှာ စိန်ခေါ်မှုတွေ ၊ အခက်အခဲအကျပ်တည်းတွေနဲ့ ရင်ဆိုင်နေရတာ လမ်းပျောက်ပြီး ကိုယ့်ကိုယ်ကို ကျေနပ်အားရမှုမရှိတာ စသည့်ပြသနာများနှင့်ကြုံတွေ့လာရသည့်အချိန်မှာ ရင်ဖွင့်ဖော်၊ စဥ်းစားတွေးကူဖော်ကောင်း (Coach) တစ်ယောက်လိုအပ်ပါတယ် ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီးလမ်းတွင် ရင်ဖွင့်တိုင်ပင်ချင်သူများအတွက် စဥ်းစားတွေးကူပေမည့် ဦးနှောက်ရယ် အားပေးတက်သည့်လက်တစ်စုံရယ် ခံစားတက်တဲ့နှလုံးသားနဲ့နားထောင်ပေးပြီး ရင်ဖွင့်တိုင်ပင်ဖော်ကောင်းတစ်ယောက်အနေနဲ့ ကူညီပေးသွားမှာပါ
-
Life Coach
Mi Mi Kyaw
ဥပဒေပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနေပြီး Coaching ပညာဖြင့်လည်း လူတွေရဲ့အခက်အခဲကို ကူညီနေသူလည်းဖြစ်ပါတယ်။ လူတွေရဲ့ Relationship နဲ့ Life မှာအခက်အခဲအတားအဆီးတွေ စိတ်ဖိစီးတွေနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါ၊ ကိုယ့်ဘဝကို အကောင်းဆုံး တိုးတက်ပြောင်းလဲချင်တဲ့ သူတွေအနေနဲ့ Coach တစ်ယောက်နဲ့ ဆွေးနွေးတိုင်ပင် အကြံဥာဏ်ယူသင့်ပါတယ်။ ကျွန်မအနေနဲ့ Client ကို ဆွေးနွေးပေးတဲ့နေရာမှာ စိတ်ရှည်စွာနားထောင်ပေးတတ်ပြီး အကောင်းဆုံး Action Plan ထုတ်နိုင်အောင်ထိကြိုးစားပေးပါတယ်။ ဒါကြောင့်ကိုယ့်ဘဝရဲ့အကောင်းဆုံးနေ့ရက်များကို ပိုင်ဆိုင်ဖို ကျွန်မတိုနဲ့လာရောက်တိုင်ပင်ဆွေးနွေးဖိုဖိတ်ခေါ်ပါတယ်ရှင့်
-
Life & Relationship Coach
Winny Aung
ကိုယ်တိုင်လည်းကိုယ်စိတ်ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ကြိုးစားနေသလို ကျမပတ်၀န်းကျင်မှာရှိတဲ့လူတိုင်းကိုလည်းအောင်မြင်ပျော်ရွှင်တဲ့ဘ၀ရောက်အောင်ကူညီပေးချင်တဲ့အတွက် Professional Life Coach တစ်ယောက်အဖြစ်ရပ်တည်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကိုယ့်ရဲ့အခက်အခဲပြသာနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားတဲ့အခါမှာအရေးအကြီးဆုံးကစိတ်လုံခြုံမှုပေးနိုင်ပြီးယုံကြည်စိတ်ချရတဲ့ Professional တစ်ယောက်ရဲ့အကူအညီရယူဖို့လိုအပ်ပါတယ်။ အဲဒီအတွက်ကျမတက်မြောက်ထားတဲ့ Coach ပညာရပ်နဲ့ အကူအညီပေးဖို့ ကျမရှိနေပါတယ်။ ကိုယ့်ကိုယ်ကို ပိုနားလည်လာဖို့၊ ရည်ရွယ်ချက်ရှိရှိနဲ့ခွန်အားဖြစ်စေတဲ့ဘ၀တစ်ခုဖန်တီးဖို့၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ကောင်းမွန်ပျော်ရွှင်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့၊ Relationship နဲ့ပတ်သပ်ပြီးနာကျင်မှုတွေရှိလာရင်လည်းလျော့ပါးစေနိုင်ဖို့အတွက်ကျမတို့အတူတူကြိုးစားအဖြေရှာဆွေးနွေးကြည့်ကြရအောင်။
-
Life Coach
Zin Zin Soe
Life Coach တစ်ယောက်ဖြစ်ပြီးတော့ Business အနေနဲ့ ဆိုင်ကယ်အပိုပစ်စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ပါတယ်ရှင်။လူတွေအတွက်ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့နဲ့ မိမိကိုယ်ပိုင်အရည်အချင်းကိုထုတ်သုံးတက်ဖို့အတွက် Coaching ကယူဖို့လိုအပ်ပါတယ်။ကျမရဲ့အားသာချက်ကတော့ လူတွေကိုမျှဝေချင်စိတ်ရှိပြီးအမြဲကူညီပေးဖို့ဝန်မလေးတက်တာပါရှင်။
-
Life Coach
Htet Htet Aung
ကျမကတော့ မထက်ထက်အောင်ဖြစ်ပါတယ်။ Hotel and Hospitality Industry မှာ (၁၅) နှစ်ကျော်လုပ်ငန်း အတွေ့အကြုံကောင်းများရှိခဲ့ပြီး ယခုလက်ရှိမှာ Life Coach တစ်ဦး အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ကိုယ်တိုင်လဲအောင်မြင်ပျော်ရွှင်တဲ့ ဘဝတခုကို ရအောင်ကြိုးစားနေသူဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာရှိတဲ့ ဆွေမျိုးမိတ်ဆွေများရဲ့ အခက်အခဲ၊ ခံစားချက်များကိုလဲ မိမိဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်များကို ပြန်လည် အသုံးချပြီး Physically & Mentally အကျိုးဖြစ်ထွန်းအောင်ကူညီပေးမယ့် Life Coach အဖြစ်ရပ်တည်သွားမှာဖြစ်ပါတယ်။
-
Life Coach
Nan Kay Zin Oo
ကိုယ်တိုင်ခံစားခဲ့ရတဲ့ စိတ်ဒါဏ်ရာတွေကို Coaching နဲ့ပျောက်ကင်းအောင် ကုသခဲ့လို့ဖြစ်ပါတယ်။အစားကောင်း စားရရင် ချစ်တဲ့သူတွေကို သတိရသလိုပဲကိုယ့်မှာ ကောင်းသော ပြောင်းလဲခြင်းများကြုံတွေ့ရတဲ့ အခါ ကိုယ့်ချစ်တဲ့မိတ်ဆွေတွေကိုလည်း မျှဝေပေးချင်တယ်။ ဒါ့ကြောင့် Coaching ပညာရပ်ကို Second career အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။ 🌸တကယ်လို့မိတ်ဆွေမှာ“ ဟန်ဆောင်ပြုံးဖို့တောင် အားမရှိတော့ချိန်၊ အထီးကျန်နေချိန်၊ တခုခုကို ဆုံးဖြတ်ဖို့ ခက်နေချိန် ၊မိမိကိုယ်ကို စစ်မှန်တယ်လို့ မခံစားရချိန်တွေမှာ ရင်ဖွင့်ဖို့ လိုအပ်လာရင်တော့ Mindspire Community မှတဆင့် ကျွန်မရဲ့ Nan Kay Zin Oo : Professional Life Coach page ကိုဆက်သွယ်နိုင်ပါတယ်ရှင်။
-
Life & Relationship Coach
Ei Ei Mhwe
ကျွန်မအနေနဲ့ ဆရာမတစ်ယောက်ကနေ Coach တစ်ယောက်ဖြစ်လာတဲ့အတွက် လူငယ်တွေရဲ့ သဘာဝနဲ့ စိတ်နေစိတ်ထားတွေ ပိုနားလည်ပေးနိုင်လာတယ်။ သူတို့လေးတွေရဲ့ ခံစားချက်တွေကိုနားထောင်ပေးဖို့၊ ရင်ဖွင့်ဖော်တစ်ယောက်အနေနဲ့ Coach တစ်ယောက်ဖြစ်လာတဲ့အခါမှာလည်း လူငယ်တွေရဲ့စိတ်ကို ပိုမိုနားလည်ပေးနိုင်ပြီး အောင်မြင်တဲ့ Coaching Session တွေ ပေးနိုင်ခဲ့တယ်။ နောက်ပြီး ဆရာမတွေကို Coaching Session ပေးတဲ့အခါလည်း ပိုမိုထိရောက်အောင်ပေးနိုင်လာတယ်။ နောက်တစ်ခုအနေနဲ့ Young Learner ဆရာမတစ်ယောက်ဖြစ်တဲ့အတွက် ကလေးငယ်လေးတွေရဲ့ မိဘတွေအတွက်လည်း အကောင်းဆုံးတိုင်ပင်ဆွေးနွေးလို့ရတဲ့ Coach တစ်ယောက်ဖြစ်ပါတယ်
-
Parenting Coach
Dr . Mie
ကျွန်မကိုယ်တိုင်က မိခင်တစ်ဦး၊ စီးပွားရေးလုပ်ငန်းရှင် ၊ ပညာရေးနယ်ပယ်မှာ ဦးဆောင်သူတစ်ယောက်အနေနဲ့ ကြိုးစားတဲ့အခါမှာ Coach ကောင်း တစ်ယောက်နဲ့ ရင်ဖွင့်တိုင်ပင်ခွင့်ရခြင်းက ကျွန်မရဲ့ အတွေးတွေကို အလင်းပွင့်စေခဲ့သလို ကျွန်မဘဝကိုလည်း ပိုအောင်မြင် ပျော်ရွှင်စေခဲ့ပါတယ်။ ကျွန်မ အကျိုးရှိခဲ့သလို တခြားလိုအပ်သူတွေအတွက်လည်း Profession Coach ( Parenting Partner ) အဖြစ် ကူညီချင်တဲ့ ရည်ရွယ်ချက်နဲ့ Second Career အနေနဲ့ ရွေးချယ်ပြီး တစိုက်မတ်မတ် Coaching session တွေ ပေးရင်း ရင်ဖွင့်ဖော်ကောင်းတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။
-
Life Coach
Thin Myat
ကျွန်မကိုယ်တိုင် ဘဝမှာ အချိုးအကွေ့တွေ အပြောင်းအလဲတွေကြုံတွေ့ခဲ့ရတဲ့ အချိန် ချစ်ရတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ခွဲခွာသွားတဲ့အချိန် မှာ ကိုယ့်လမ်းကိုယ်သိတယ်ဆိုပြီး အားမာန်အပြည့်နဲ့လျှောက်ခဲ့ရာက လမ်းလည်မှာတင် ရှေ့ကိုဘာမှ မမြင်ရသလို ဘယ်ဆက်သွားရမှန်းမသိဖြစ်ခဲ့တယ် အဲ့အချိန်မှာ ကျွန်မကို ကူညီပေးတဲ့ Coach ကနေ Coaching ပညာရပ်နဲ့ ကျွန်မ ရင်ထဲက အဖြေတွေကို ရှာတွေ့ခဲ့တယ် ကျွန်မဆီမှာ ကိုယ်ပိုင်စီးပွားရေးစတင်ခြင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံ ၁၀နှစ်ရှိပါတယ် ဒီကြားထဲ ချစ်ရတဲ့မိသားစု သူငယ်ချင်းတွေက ခွဲခွာသွားလိုက် ဘဝအနိမ့်အမြင့်တွေကြားလမ်းပျောက်လိုက် ဆက်လျှောက်ရင်း အခုထိရောက်လာတာမို့ ကျွန်မနဲ့ရင်ဘက်ချင်းနီးမယ်ထင်ရင် စိတ်ချယုံကြည်စွာရင်ဖွင့်လို့ရပါတယ်
-
Life Coach
Thaw Thaw Aung
လောကကြီးမှာဘာကြောင့်အသက်ရှင်နေရတာဒီမေးခွန်းလေး ကိုလွန်ခဲ့နှစ်တွေမှာသူငယ်ချင်း မိတ်ဆွေ အသိတွေကိုမေးရင်သူတို့က ကျွန်မကို ဆိုက်ကို ထိနေပြီလို့ပြောကြတယ်ကျွန်မလက်လှမ်းမီတဲ့ သူတွေကို မေးတိုင်းကျွန်မက တခုခုမှားနေသလို ပုံစံမျိုး ပြောကြတယ်ကျွန်မလည်း သူတို့နဲ့ မတူတော့ ငါကပဲ အတွေးလွန်နေပြီးမှားတယ်လို့သတ်မှတ်လိုက်မိခဲ့တယ်အခုကျတော့ ကောင်းကောင်းကြီးသိလိုက်တာက တကယ်တော့သူများနဲ့ အတွေး မတူတိုင်းအယူအဆမတူတိုင်းခံယူချက်မတူတိုင်းတန်ဖိုးထားမှူ မတူတိုင်းအဓိပါယ် ဖွင့်ဆိုထားမှု မတူတိုင်းကိုယ်က တခုခုမှားနေတာ လုံးဝမဟုတ်ပါဘူးဒီလို ကိုယ်ကသူများနဲ့ မတူတိုင်းလူဝင်မဆန့်သလို သိမ်ငယ်သလိုလမ်းပျောက်သလို ငါပဲမှားပြီးတလောကလုံးကပဲ မှန်နေသလိုခံစားနေရရင် အတူ ရင်ဖွင့် တိုင်ပင်ပါသင့်ဘဝအတွက် အကောင်းဆုံး Coachအဖြစ်ကျွန်မရှိပါတယ်
-
Life & Relationship Coach
Khine Kywt San
Life coach လုပ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကတော့ ကျွန်မကိုယ်တိုင်လဲ အရင်က limiting beliefs တွေ့ကြားမှာ ပိတ်မိနေခဲ့ကာ လမ်းပျောက်ခဲ့ဖူးပြီး ၊ Coaching sessions မှ တဆင့် စစ်မှန်သောမိမိ “who truly am I “ ကိုရှာဖွေတွေ့ရှိခဲ့ပြီး အလုပ်နဲ့ဘဝ ဟန်ချက်ညီအောင် ရပ်တည်နိုင်ခဲ့သောကြောင့် မိတ်ဆွေတို့ကိုလဲ တိကျသေချာသော ပန်တိုင်းများ ရရှိကာ အောင်မြင်တိုးတက် ပြောင်းလဲမှုတွေ့ နှင့်အတူ ၊ ကျေနပ်အားရတဲ့ ဘဝနေထိုင်မှုတွေ့ကို ရရှိအောင် ကျွန်မ သင်ယူထားသော coaching ပညာဖြင့် ကူညီမျှဝေ ပေးချင်သော ကြောင့် ဖြစ်ပါတယ်ရှင့် ။
-
Life Coach
Hlaing Hlaing Nyein
ကျမကိုယ်တိုင် မတူညီတဲ့ Business sector (၄) ခုကို တာဝန်ယူလုပ်ဆောင်သူတစ်ယောက်အနေနဲ့ sector တစ်ခုချင်းစီ တိုးတက်ပြောင်းလဲဖို့အတွက် Coaching section တွေ လိုအပ်သလို ယူခဲ့ပါတယ်။ဒါကြောင့် ကိုယ်တိုင် Coach အဖြစ် ရပ်တည်ပြီး လူသားတိုင်းအတွက် ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေ၊ အလုပ်အကိုင်နဲ့ စီးပွားရေးတွေကို အစွမ်းကုန်မြှင့်တင်ပေးနိုင်ဖို့အတွက် အကောင်းဆုံးရင်ဖွင့်တိုင်ပင်ဖော် တစ်ယောက်အနေနဲ့ ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်...
-
Life Coach
Nan Ohnmar Kyi
မင်္ဂလာပါ။ ဥမ္မာကတော့ Mindspire Community ရဲ့Life Coach တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်းခက်ခဲတဲ့ဘဝကိုလျှောက်လှမ်းလာရတဲ့သူတစ်ယောက်ပါ။ ကိုယ့်လိုခက်ခဲနေတဲ့သူတွေကို ကူညီပေးချင်တယ်။ သူတို့မှာရှိတဲ့အစွမ်းအစတွေကိုထုတ်ဖော်ခွင့်ရစေချင်တယ်။ သူတို့ရင်ထဲက အသံကိုနားထောင်ပေးချင်တဲ့ဆန္ဒကိုအရင်းခံပြီး life coach တစ်ယောက်ဖြစ်လာခဲ့တာပါ။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဒီထက်ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မူနဲ့ အတူတူအဖြေရှာချင်တယ်ဆိုရင်တော့ ဥမ္မာ့ကို သတိရလိုက်ပါ။
-
Life Coach
Nyein Oo Lin
မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချတဲ့အရာရာတိုင်းက နောင်တကင်းပြီး ပျော်ရွှင်သော သာယာသော ဘဝခရီးကို အလျင်အမြန် ရောက်သော တစ်ခုတည်းသော လမ်းပဲဖြစ်ပါသည်။Coaching ယူဖို့အတွက် ဘာတွေလိုအပ်မလဲ?အရေးကြီးဆုံးက Coaching ယူချင်သူရဲ့ကိုယ့်ကိုကိုယ် တကယ် ပြောင်းလဲမယ်ဆိုတဲ့ပြင်းပြတဲ့ စိတ်ဆန္ဒ Burning Desire ရှိဖို့ပဲ လိုအပ်ပါသည်။မိတ်ဆွေများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်
-
Life & Relationship Coach
Thet Wai Lwin
Digital ပိုင်းအားနည်းလို့ Online လုပ်ငန်း မစတင်ရဲဘူးဖြစ်နေရင်/စတင်ဖို့ကြောက်နေရင်/ဘယ်လိုစတင်ရမလဲမသိဖြစ်နေရင်Digital ပိုင်းအားသာတယ်ဝါသနာပါတယ်ဒါပေမယ့်ဘယ်လိုစတင်ရမလဲမသိဖြစ်နေရင်ဘဝတိုးတက်အောင်မြင်ချင်ပေမယ့် ဘာလုပ်ရမလဲမသိလမ်းပျောက်နေတယ်ဆိုရင်တော့ အသက်ဆီမှာCoaching ပညာရပ်အကူအညီယူပြီးရင်ဖွင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်...
-
Life Coach
Nan Hla Myat Thu
ဝါသနာနဲ့ထပ်တူကျတဲ့လုပ်ငန်းဖြစ်သလို ကိုယ်နဲ့ထိစပ်တဲ့လူတိုင်းအတွက် ပိုကောင်းတဲ့ အနာဂတ်တွေကို ဝိုင်းဝန်းရှာပေးလိုစိတ်ကြောင့် Coaching ပညာရပ်ကို စနစ်တကျလေ့လာခဲ့တာပါရှင် ဝါသနာနဲ့ထပ်တူကျတဲ့လုပ်ငန်းဖြစ်သလို ကိုယ်နဲ့ထိစပ်တဲ့လူတိုင်းအတွက် ပိုကောင်းတဲ့ အနာဂတ်တွေကို ဝိုင်းဝန်း အဖြေရှာ ကူညီပံ့ပိုးပေးသွားမှာပါ
-
Life Coach
Ko Aung
ကျနော်နာမည် ကိုအောင် ဖြစ်ပါတယ် ။သင်္ကန်းဖြန့်ချိရေးလုပ်ငန်းနဲ့ ကျန်းမာရေးဖြည့်စွက်အစာဖြန့်ချိရေးလုပ်ငန်းလုပ်ကိုင်ပြီး Coaching ပညာရပ်နဲ့ Relationship, Parenting, Personal Development, Business အပိုင်း ဆိုင်ရာမှာ မိတ်ဆွေတို့အတွက် စိတ်ချယုံကြည်ရတဲ့ အကောင်းမွန်ဆုံး၊ ထိရောက်မှုအရှိဆုံး အကြံဉာဏ်ပေးနိုင်တဲ့ Professional Life Coach တစ်ဦးအဖြစ် ကူညီအဖြေရှာပေးနိုင်ဖို့ အဆင်သင့်ရှိနေပါတယ်ခင်ဗျာ
-
Life Coach
Khine Wai Wai Thwin
ဥရောပတိုက် နိုင်ငံတခုရဲ့ သံရုံးလက်အောက်ခံ ယဥ်ကျေးမှုဌာနမှာ အလုပ် လုပ်ပါတယ်။ကိုယ်တိုင် လဲ ပြဿနာ ကြုံတဲ့အခါ တယောက်တည်းစဥ်းစားရင် အကြံကောင်းထွက်လာဖို့ မလွယ်ကူတာ နားလည်မိတော့ နီးစပ်ရာမိတ်ဆွေ တချို့ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ ပြဿနာပေါင်းများစွာထဲက ဆုံးဖြတ်ရအခက်ဆုံး စဥ်းစားရင်းအဖြေမထွက်နိုင် တဝဲလည်လည်ဖြစ်နေတဲ့ ခံစားမှုကို ကူညီဖြေရှင်းပေးတတ်သူပါ။Mindspire Coaching ရဲ့ သင်တန်းတက်ပြီးတဲ့အခါမှာတော့ Life Coach ကို တကယ် professional ကျကျ လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
-
Life Coach
Aye Ei Ei Nyein
ကျွန်မနဲ့coachingအားသာချက်ကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ရရှိစေနိုင်ဖို့စေတနာမှန်နဲ့လုပ်ဆောင်ပေးတဲ့အတွက် တကယ်တိုးတက်ပြောင်းလဲချင်သူတွေအတွက် တိုးတက်ပြောင်းလဲမှာသေချာအာမခံနိုင်ချင်ပါရှင့် စိတ်ရှည်ပြီး Coaching ယူတဲ့သူတွေကို နားလည်အောင် အကောင်းဆုံး မေးခွန်းကောင်းလေးတွေမေးပေးတတ်ချင်ပါရှင့်
-
Life Coach
Nan Khan Leng
မင်္ဂလာပါ။ ကျွန်မကတော့ Nang Kham Leng ဖြစ်ပါတယ်။ ဘာသာပြန်တစ်ဦးဖြစ်ပြီး လက်ရှိမှာ Life Coach တစ်ယောက်အဖြစ် ရပ်တည်သူဖြစ်ပါတယ်။မိသားစု ပြဿနာ၊ အချစ်ရေးရာ၊ ဘဝရဲ့ အခက်ခဲများစွာမှာ ဒဏ်ရာကနေပြီး အေးချမ်းတည်ငြိမ်တဲ့ လမ်းခရီးကို ပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။နားထောင်နိုင်စွမ်းအား ကောင်းသူဖြစ်ပြီး ၊ ကိုယ်ချင်းစာနာ နားလည်နိုင်သူဖြစ်လို့ ရင်ဖွင့်တိုင်ပင်ချင်သူတိုင်း ကျွန်မနဲ့ အတူ လာရောက်ဆွေးနွေးနိုင်ပါတယ်။
-
Life Coach
Hnin Phyu Thant
တစ်ခါတစ်ရံမှာ ကိုယ်မဖြေရှင်းနိုင်တဲ့ပြသာနာတွေ၊ မစဉ်းစားမိနေတဲ့အကြောင်းအရာတွေ ၊ ပိုတိုးတက်ချင်တဲ့အပိုင်းတွေ ရှိတက်ပါတယ် ... ထိုအရာတွေကို မမြင်နိုင်ပဲ ကိုယ့်ကိုရှေ့ဆက်ဖို့ အတားအဆီးတွေဖြစ်နေပြီ အဖြေရှာဖို့ လိုလာပါပြီ အဲ့အတွက် နှင်းဖြူတို့ Coach တွေက တည်ရှိနေခြင်းဖြစ်ပါတယ် ...နှင်းဖြူ ကတော့ Coaching လုပ်တဲ့နေရာမှာ စိတ်ရှည်စွာနားထောင်ပေးတက်ပြီး နွေးထွေမှုပေးတတ်တဲ့သူတစ်ဦးဖြစ်ပါတယ် ...နှင်းဖြူ နဲ့အတူ ကိုယ့်ဘဝရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး၊ ဘဝတိုးတက်ရေး စတဲ့ ကိုယ်အဖြေရှာချင်တဲ့အကြောင်းအရာ တစ်ခုခု ရှိလာပြီ၊ ကိုယ့်ဘဝမှာ ပိုမိုတိုးတက်ချင်တဲ့ အပိုင်းတွေရှိလို့ လမ်းကြောင်းတွေ သိချင်လာပြီဆိုရင်တော့ နှင်းဖြူနဲ့အတူ ဆွေးနွေးရင်ဖွင့်တိုင်ပင်ဖို့ ဖိတ်ခေါ်ပါတယ်
Our Contact Details
Address
Mindspire coaching သို့လာရာတွင်အခက်ခဲတစ်စုံတစ်ရာရှိပါက အောက်ပါဖုန်းနံပတ်များသို့ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိင်ပါသည်
- No 34, Second Floor ,Corner Of Aung Chan Thar Street and Baho Road , Sanchaung Tsp ,Yangon
- +95 9962937762 , +95 9784760604 , +95 9752832227
- mindspirecoaching@gmail.com
Opening Hours
Follow Us On Social Media !